Monday, February 27, 2012
သဘာဝကျသော Screensaver များ
ကျွန်တော်ကြိုက်တဲ့ ScreenSaver လေးတွေပါ။
ငါးကလေးတွေနှင့်လှပတဲ့ ScreenSaver လေးတွေပါ၊ 
Screensaver တွေကို ကျွန်တော်ကသဘောကျတယ်၊
 ပြောရရင်စိတ်အပန်းဖြေစရာပေါ့ သူငယ်ချင်းများလဲ
 ScreenSaver များကိုနှစ်သက်မည်လို.မျော်လင့်ပါတယ်
Download Aquarium Screensaver
Download Ocean World Screensaver
Download Calm_Waterfall_Screensaver
Download Wild Nature WaterFall 
*လာရောက်သူများအားလုံးကိုကျေးဇူးတင်ပါတယ်*
Sunday, February 26, 2012
WinRaR မှာ password မေ့သွားသူများ အတွက် RAR Password Cracker 4.12
WinRar မှာ password ပျောက်သွားသူများအတွက် RAR Password Cracker 4.12 ကို တင်ပေးလိုက်ပါတယ်၊ မေ့တတ်သူတွေအတွက်အဆင်
ပြေလိမ့်မည်လို.မျော်လင့်ပါတယ် ပထမဦးစွာ RAR Password Cracker.exe ဖိုင်ကိုဖွင့်ပြီး intall လုပ်လိုက်ပါ ပြီးတော့ urpwdr11rc16 (1).exe ဖိုင်ကို (1) ကိုဖြတ်ပြီး Intall လုပ်တယ် နေရာ eg(C:\Program Files\Intelore\RAR-PR) မှာကူးထဲ့လိုက်ပါ။
Download RAR Password Cracker 4.12
ရုပ်ပြောင် လုပ်ချင်သူများ အတွက် Cartoon Maker 6.01 Full Version လေပါ
မည်လို.မျော်လင့်ပါတယ် 
အသုံးပြုနည်းကတော့ တင်စရာမလိုဘူးလို.ထင်ပါတယ်၊သုံးရတာအဆင်မ
ပြေဘူးဆိုရင်လေး Comments ရေးထားခဲ့ပါ
Liangzhu Cartoon Maker v6.01 Regd Serials OK.txt ဖိုင်ကိုဖွင့်ပြီး Register လုပ်နိုင်ပါတယ်
Download Cartoon Maker 6.01
Web Programmer များ အတွက် Macromedia Flash 8
The Macromedia Flash help system contains a great deal of information and resources that describe the full range of Flash authoring capabilities and the ActionScript language. Many online resources are also available to help you learn Flash. This document is intended to help you navigate these resources and find the information that is most helpful to you in realizing your goals with Flash.
Download လုပ်ရန်
Portable ကို Download လုပ်ရန်
macromedia flash 8 tutorial လေးလိုချင်ရင်
Web Programmer များ အတွက် dreamweaver 8
Macromedia Dreamweaver 8 is a professional HTML editor for designing, coding, and developing websites, web pages, and web applications. Whether you enjoy the control of hand-coding HTML, or prefer to work in a visual editing environment, Dreamweaver provides you with helpful tools to enhance your web creation experience.
This guide introduces you to using Macromedia Dreamweaver 8 if you’re unfamiliar with any major aspect of it.The tutorials in this guide lead you through the process of creating a simple but functional website.
Download လုပ်ရန်
Wednesday, February 22, 2012
Epson T60 Printer Resetter လိုချင်သူများအတွက်
 Download Epson T60 Printer Resetter
Resetter လိုအပ်နေသူများအတွက်အသုံးဝင်မည်လို့ မျှော်လင့်ပါသည်
ကျေးဇူးတင်ပါသည်
Microsoft Office မှာ password ပျောက်သွားသူတွေအတွက်
If you have lost or forgotten a password for opening a Microsoft Office document (Access, Excel, Word) or a password for saving changes to a Microsoft Word document, you can use Office Password Recovery Pro
Download Recover Lost Passwords For MS Office Programs 
နောက်မှ အသုံးပြုနည်း ကို တင်ပေးပါမယ်၊ အခုတော့ သူငယ်ချင်းတစ်ယောက်က ဒီ Software လေး လိုချင်တယ်ဆိုလို.ရှာပြီးတင်ပေးလိုက်တာပါ။
Wednesday, February 15, 2012
PS 2 နှင့် Computer ကို network ချိတ်ခြင်း
Intro: ကျနော် networking ကို အခြေခံကနေစပြီးရေးလာတာ နှစ်ပိုင်းပဲပြီးသေးတယ်။ အပိုင်း (၃) အနေနဲ့ sharing ကို ရေးပြီးတော့မှ အသုံးချခြင်းအနေနဲ့ ဒီဆောင်းပါးကို ရေးမလို့။ တောင်းဆိုချက်တွေအရ ဒါကိုကျော်ပြီးရေးပေးလိုက်ပါတယ်။
သဘောတရား - PS II game စက်များကို ခွေထည့်ပြီး ကစားမယ့်အစား အဲဒီခွေကို ကွန်ပျူတာ hard disk မှာ သိမ်းထားပြီး network လမ်းကြောင်းမှ ယူသုံးစေတာပဲဖြစ်ပါတယ်။
အားသာချက် -
(၁) ခွေမသုံးရတဲ့အတွက် Game စက်ရဲ့ ခွေဖတ်မှန်ဘီလူး (lens) တွေ ပျက်စီးမှု သက်သာပါတယ်။
(၂) CD/DVD ခွေ ကူးရ၊ ၀ယ်ရ သက်သာပါတယ်။
(၃) ခွေကန့်သတ်မှု မရှိတော့ပါဘူး။ (ဥပမာ – ဆိုင်မှာ စက်ဆယ်လုံးရှိတယ်။ FIFA 2011 ကို ၁၀ လုံး စလုံး တစ်ပြိုင်တည်း ကစားမယ်ဆိုရင် အဲဒီခွေကို ၁၀ခွေကူးထားရမှာ အမှန်ပဲ။ ဘယ်ဆိုင်မှ ကူးမထားနိုင်ပါဘူး။ အဲဒီအခါမှာ ဟိုဘက်စက်ကပြီးမှယူ ဆိုတာမျိုး ခွေအရေအတွက် ကန့်သတ်ချက် ရှိပါတယ်။ PC ဖြင့် network ချိတ်ဆက် အသုံးပြုပြီ ဆိုတာနဲ့ hard disk ထဲမှာရှိသမျှ game အားလုံးကို ကြိုက်တဲ့ခွေ ကြိုက်သလောက် ကစားပဲ။ ခွေကန့်သတ်ချက် မရှိတော့ပါဘူး)
(၄) loading time မြန်ပြီး ခွေထစ်တာ မရှိတော့တဲ့အတွက် အသုံးပြုသူတွေ စိတ်ချမ်းသာစေပါတယ်။
(၅) PC ကို Sever အနေနဲ့ အသုံးပြုရတယ် ဆိုပေမယ့် windows sever သုံးစရာ မလိုပါဘူး။ ရိုးရိုး windows ပဲ သုံးပြီး hard disk ကို share ပေးထားတာပဲ ဖြစ်ပါတယ်။ CPU နှင့် RAM usage မများတဲ့အတွက် သာမာန်အနိမ့်စား PC နဲ့တောင် အသုံးပြုနိုင်ပါတယ်။
လုပ်ဆောင်ချက် အကျဉ်းချုပ် – စာဖတ်သူတွေထဲမှာ ကွန်ပျူတာနဲ့ networking ကို ကျွမ်းကျင်သူရော စတင်လေ့လာသူရော အမျိုးမျိုး ရှိပါလိမ့်မယ်။ ကျနော်က အားလုံးအဆင်ပြေအောင် ရေးပေးချင်ပါတယ်။ စတင်လေ့လာသူတွေအတွက် နားလည်အောင်ရှင်းတော့ သိပြီးသားသူတွေအတွက် ပျင်းစရာကောင်းနေပါလိမ့်မယ်။ ဒီတော့ Networking နားလည်ပြီးသား PS II နဲ့ချိတ်တာလောက်ပဲ သိချင်သူတွေအတွက် အကျဉ်းချုပ်လေး သက်သက်ရေးပေးပါ့မယ်။ အကျယ်ရှင်းပြထားတာဖတ်ပြီးရင်လည်း ဒီအချက်တွေ ပြန်ကြည့်လိုက်ပါ။ နားလည်သွားပြီဖြစ်လို့ ဘယ်အဆင့်ပြီးရင် ဘယ်အဆင့်လုပ်ရမယ်ဆိုတာ ရှင်းသွားသလို မှတ်မိလည်း လွယ်သွားမှာပါ။
၁။ PC နဲ့ switch (သို့) hub ကို straight-through cable သုံးပြီး ချိတ်မယ်။ အဲဒီ Hub ကနေ PS II စက်တိုင်းကိုလည်း straight-
through cable သုံးပြီး ဆက်သွယ်မယ်။
၂။ PC ရဲ့ IP properties မှာ အောက်က ဂဏန်းတွေဖြည့်သုံးရမယ်။
IP Address : 192.168.0.2
Subnet mask : 255.255.255.0
Default gateway : 192.168.0.1
၃။ game cd တွေကို hard disk အသစ်တစ်ခုမှာ PS II converter နဲ့ file type ပြောင်းပြီး ထည့်ပါမယ်။
၎။ အဲဒီ hard disk ကို PC မှာ Secondary hard disk အနေနဲ့ တပ်ဆင်ပါ။
၅။ My Computer ဖွင့်ပြီး game cd တွေ ထည့်ထားတဲ့ drive ကို PS2SMB ဆိုတဲ့ နာမည်နဲ့ full share ပေးပါ။
၆။ PS II စက်ကို USB Loader သုံးပြီး network config ထဲ ဝင်ပါ။
၇။ PS II စက်အတွက် IP ကို စက်ဖွင့်တိုင်း (ခွေလဲတိုင်း) ပြင်ပေးရပါတယ်။ (Default IP address က 192.168.0.10 ဖြစ်ပါတယ်။
နောက်ဆုံး Octet ကို 3 မှ 254 ကြား တစ်ခုခု သက်မှတ်ပေးပါ။ စက်တစ်လုံးနဲ့တစ်လုံး IP တူလို့ မရပါဘူး)
၈။ network config မှာ IP ပြင်ဆင်သက်မှတ်ပေးပြီပြီဆိုရင် network start ကို နှိပ်ပြီး၊ network ထဲဝင်ပါ။
၉။ (share ပေးမှု၊ sharing files မှန်ကန်မှု နဲ့ network ဆက်သွယ်မှု အားလုံးမှန်တယ်ဆိုရင်) network အောက်မှာ game cd တွေ
ပေါ်လာပါလိမ့်မယ်။ လိုချင်တဲ့ခွေ ရွေးချယ်ပြီး ဖွင့်ရုံပါပဲ။
** PC မှ share ပေးထားတာဖြစ်လို့ အသုံးပြုနေစဉ် PC လုံးဝ ပိတ်သွားလို့ မရပါဘူး။ game စက်ဖွင့်တိုင်း (သို့) ခွေလဲချင်တိုင်း PS II
စက်ကို ပိတ်ပြီး ပြန်ဖွင့်ပါ။ Loader CD သုံးပြီး IP address ပြင်ခြင်း၊ network ထဲဝင်ရောက်ခြင်း လုပ်ငန်းစဉ်ကို စက်ဖွင့်တိုင်း (သို့)
ခွေလဲတိုင်း လုပ်ရမှာဖြစ်ပါတယ်။ **
လိုအပ်ချက် -
(၁) hard disk အပိုတစ်လုံး – game ခွေတွေအားလုံးကို ဒီ hard disk မှာ သီးသန့်ထားပြီး share ပေးထားမှာဖြစ်ပါတယ်။ သီးသန့် hard disk ဖြစ်သွားတဲ့အတွက် စက်တွေက ဘယ်လောက်ဆွဲဆွဲ OS အလုပ် လုပ်နေတဲ့ hard disk မဟုတ်တဲ့အတွက် ကွန်ပျူတာ ဟန်းတာ မဖြစ်တော့ဘူးပေါ့။ hard disk space အနေနဲ့ ခွေထည့်ထားချင်တဲ့ အရေအတွက်ပေါ်မူတည်ပြီး ရွေးချယ်ဝယ်ယူပါ။ တစ်ခွေကို 3Gb နီးပါး နေရာယူမှာဖြစ်ပါတယ်။ 500Gb hard disk တစ်လုံးဆိုရင် ခွေ ၂၀၀ လောက် ဆန့်ပါတယ်။ အဲလောက်ခွေအများကြီး ရှိစရာမလိုပါဘူး။ game ဆိုင်တွေမှာ အများဆုံး ကစားကြရင် ခွေ ၅၀ – ၁၀၀ ပေါ့။
(၂) switch (or) hub – ကွန်ပျူတာမှ ထွက်လာတဲ့ LAN ကြိုးကို switch (သို့) hub မှာ တပ်ပေးမယ်။ အဲဒီ switch/hub ကနေပြီး game စက်တစ်လုံးကို တစ်ကြိုး ဆက်သွယ်ရမှာဖြစ်လို့ switch/hub တွေကို စက်အရေအတွက်ပေါ်မူတည်ပြီး ရွေးချယ်ပါ။ game စက်က ၁၀ လုံး ရှိမယ်ဆိုရင် စက်က ၁၀ ကြိုး နဲ့ ကွန်ပျူတာက တစ်ကြိုး ဖြစ်လို့ အနည်းဆုံး ၁၁ ပေါက်ပါတဲ့ switch/hub လိုပါတယ်။ စက်အရေအတွက်များလို့ switch/hub တစ်ခုတည်းနဲ့ မလုံလောက်ရင် နှစ်ခု သုံးခု extension ပြုလုပ်ပြီး အသုံးပြုနိုင်ပါတယ်။ (switch နဲ့ hub ဘယ်ဟာသုံးသုံး အဆင်ပြေပါတယ်။ ဒီနှစ်ခုရဲ့ ကွာခြားချက်ကို ကျနော့်ရဲ့ Networking အပိုင်း (၂) မှာ ပြောခဲ့ပြီးပါပြီ)။
(၃) LAN cable – LAN ကြိုးကတော့ စက်အရေအတွက်နဲ့ နေရာအကွာအဝေးတွေပေါ် မူတည်ပြီး သုံးရမှာဖြစ်ပါတယ်။ စက်တွေ၊ switch/hub တွေနဲ့ ကွန်ပျူတာကို နေရာချပါ။ အဲဒီအကွာအဝေးအတိုင်း LAN ကြိုး ဖြတ်ပြီး ဆင်ပါ။ switch/hub ခံပြီး ချိတ်မှာဖြစ်လို့ straight-through cable ကို သုံးရပါမယ်။ (ကျနော့်ရဲ့ Networking အပိုင်း (၁) မှာ cable ပြုလုပ်နည်းရေးခဲ့ပါတယ်။ ကိုယ်တိုင်ကြိုး မညှပ်တတ်ဘူး အချိန်လည်း မရဘူးဆိုရင် ready made ကြိုးတွေ ၀ယ်လို့ရပါတယ်)။
(၄) USB Loader – PS II game စက်တွေက အလိုလျောက် network ထဲကို မ၀င်ရောက်နိုင်ပါဘူး။ သူ့ရဲ့ သာမာန်အလုပ်ဖြစ်တဲ့ ခွေဖတ်ပြီး ဖွင့်ပေးဖို့ပဲ ကြိုးစားမှာပါ။ USB stick နဲ့ game ဖွင့်ချင်တာပဲဖြစ်ဖြစ်၊ network ကနေပြီး ဖွင့်ချင်တာပဲဖြစ်ဖြစ် အဲဒီနေရာတွေကို ရောက်ဖို့ USB Loader software ကို အသုံးပြုရပါတယ်။ PS II စက်ရဲ့ model ပေါ်မူတည်ပြီး USB loader software version ကွာပါတယ်။ အကြမ်းဖျင်းပြောရရင် PS II slim model တွေက USB loader 0.7 CD version ကို အသုံးပြုရပါတယ်။ စက်အထူတွေကတော့ PS II memory card နဲ့ USB loader version အဟောင်းကို အသုံးပြုရပါတယ်။ (PS II game ပစ္စည်းပြုပြင်/ရောင်းဝယ်တဲ့ ဆိုင်တွေမှာ “USB memory stick ကနေပြီး game ဖွင့်ဖို့ software လို့ ပြောဝယ်ရင် ရပါတယ်)။
(၅) PS II converter – game ခွေတွေကို USB stick (သို့) hard disk မှာ သိမ်းထားပြီး စက်ကနေ ပြန်ရှာတဲ့အခါ game ခွေအဖြစ် သိဖို့အတွက် ဖိုင်တစ်မျိုးနဲ့ ချုံ့ပြီးသိမ်းပေးရပါတယ်။ (ဥပမာ – virtual drive တွေက ခွေအဖြစ်သိဖို့ iso ဖိုင်အဖြစ် ပြောင်းပြီး သိမ်းပေးရသလိုမျိုးပေါ့)။ အဲဒီဖိုင်ပြောင်းဖို့အတွက် converter software လိုပါတယ်။
Network ချိတ်ဆက်ရန် ပြင်ဆင်ခြင်း (PC တွင်)
Step (1) IP – network တစ်ခု ချိတ်ဆက်မယ် ဆိုတာနဲ့ ကြိုးတွေသွယ်ပြီးရင် network class တွေ သက်မှတ်ပေးရပါမယ်။ (IP ရဲ့ သဘောတရားနဲ့ network class တွေ အကြောင်းကို ကျနော့်ရဲ့ “Networking အပိုင်း (၂) မှာ ရေးခဲ့ပြီးပါပြီ)။ ကွန်ပျူတာကနေပြီး share ပေးပြီး PS II စက်တွေကနေ ယူသုံးရမှာဖြစ်လို့ အဲဒီစက်တွေက အဆင်သင့်မယ့် network class ကို သုံးပေးရပါမယ်။ PS II စက်တွေမှာလည်း IP ကို ကြိုက်သလို ပြင်ဆင်ထည့်သွင်းနိုင်ပေမယ့် ခွေတစ်ခါလဲရင် IP တစ်ခါပြန်ထည့်ရမှာဖြစ်လို့ ကိုယ်ကြိုက်သလို
ပြင်သုံးခဲ့မယ်ဆိုရင် တော်တော်အလုပ်ရှုပ်ပါလိမ့်မယ်။ ဒီတော့ PS II စက်တွေက Default အနေနဲ့ အလိုလျောက် ထည့်ပေးပြီးသားတွေအတိုင်းပဲ သုံးလိုက်မယ်။ ဒါဆိုရင် အခုဖွင့်မယ့် PS II စက်ရဲ့ network config ထဲ ၀င်လိုက်ပြီဆိုတာနဲ့ အောက်မှာပြထားတဲ့အတိုင်း မြင်ရပါလိမ့်မယ်။ ကျနော်တို့ သုံးရမယ့် IP နဲ့ ပါတ်သတ်တာတွေကို မှတ်သားထားလိုက်ပါ။
IP for PC 192.168.0.2
Subnet mask 255.255.255.0
Default gateway 192.168.0.1
Share name PS2SMB ဆိုပြီး တွေ့ပါလိမ့်မယ်။ PC အတွက် IP ကို default အနေနဲ့ 192.168.0.2 လို့ ဂိမ်းစက်မှာ အလိုလျောက် ထည့်သွင်းပေးပြီးသားပါ။ အဲဒီအတိုင်းပဲ သုံးပေးလိုက်ရင် အမြဲတမ်းအတွက် အဆင်ပြေပါတယ်။ share name ကိုလည်း သက်မှတ်ပေးပြီးဖြစ်လို့ ဒီနာမည်နဲ့ပဲ share ပြန်ပေးရပါတယ်။
ဒါနားလည်ပြီဆိုရင် PC မှာ IP စဖြည့်လို့ရပါပြီ။ Run မှ ncpa.cpl လို့ ရိုက်ပြီး Enter ခေါက်ပါ။ Local Area Connection ဆိုတဲ့ icon ပေါ်လာပါလိမ့်မယ်။ right-click ထောက်ပြီး properties နှိပ်ပါ။
Internet Protocol Version 4 (TCP/IPv4) ကို select လုပ်ပြီး properties နှိပ်ပါ။ (Windows XP မှာဆိုရင် IPv4 တစ်ခုထဲရှိတဲ့အတွက် Internet Protocol (TCP/IP) လို့ပဲ တွေ့ပါလိမ့်မယ်။ Vista နဲ့ 7 မှာတော့ IPv6 ပါလာပါပြီ။ IPv4 နဲ့ပဲသုံးပါ့မယ်)။
ပေါ်လာတဲ့ box ထဲမှာ ခုနက မှတ်သားထားတဲ့ IP တွေကို အောက်ပါအတိုင်း ဖြည့်သွင်းပါ။ (PS II game စက် ဘယ် model ဖြစ်ဖြစ် ဒီဂဏန်းတွေပဲမို့ ကြည့်စရာတောင်မလိုပဲ အလွတ်ကျက်ထားလို့ရပါတယ်)။
ပြီးရင်တော့ OK ပြီး OK နှိပ်ပေါ့။ PC မှာ network အတွက် ပြင်ဆင်ရမယ့် အပိုင်းက ဒီလောက်ပါပဲ။ ဘယ် windows မှာမဆို ဒီအတိုင်းလေး ဖြည့်သွင်းရုံပါပဲ။
Step (2) Sharing – sharing စမလုပ်ခင်မှာ game CD တွေကို hard disk အပိုမှာ ကူးထည့်ပြီး၊ hard disk ကိုလည်း PC မှာ secondary အနေနဲ့ တပ်ဆင်ပြီး ဖြစ်ရပါမယ်။ နောက်တစ်ခု အကြံပေးချင်တာက External အနေနဲ့ မသုံးပါနဲ့။ USB နဲ့ ဆက်သွယ်ပြီး external အနေနဲ့ သုံးမယ်ဆိုရင် game စက်များတာနဲ့အမျှ ကွန်ပျူတာရော စက်တွေရော ဟန်းပါလိမ့်မယ်။ USB ရဲ့ data transfer rate နဲ့ SATA ရဲ့ data transfer rate အများကြီး ကွာပါတယ်။ ဒီတော့ SATA ကြိုးနဲ့ PC မှာတပ်ပြီး secondary အနေနဲ့ သုံးတာ အကောင်းဆုံးပါပဲ။ (PC မှာ Windows တင်ထားတဲ့ hard disk ကို Primary hard disk လို့ ခေါ်ပြီး၊ data တွေထည့်ပြီး အပိုတပ်ထားတဲ့ hard disk ကို secondary hard disk လို့ ခေါ်ပါတယ်)။ အပေါ်က ပြောခဲ့သလောက် လုပ်ပြီးပြီ secondary hard disk လည်း drive တစ်ခု အနေနဲ့ ပေါ်နေပြီလို့ သက်မှတ်ပါတယ်။ share ပေးတာ စပါမယ်။
Windows Vista နှင့် 7 တွင် – My Computer ကို ဖွင့်ပြီး game cd တွေထည့်ထားတဲ့ partition ကို Right-Click ထောက်ပါ။ Share with -> Advanced sharing … ကို နှိပ်ပါ။
ပေါ်လာတဲ့ sharing tab က Advanced sharing ဆိုတဲ့ button ကို နှိပ်ပါ။
ပေါ်လာတဲ့ Advanced Sharing box မှာ လုပ်ဆောင်ဖွယ် ၃ ခု ရှိပါတယ်။ အဲဒီ သုံးခုကို လုပ်ဖို့ အပေါ်ဆုံးက Share this folder ဆိုတာကို check ပေးလိုက်ပါ။
1. က share name ဖြစ်ပါတယ်။ PS II စက်က ပေးထားတဲ့အတိုင်း လိုက်ပေးတာဖြစ်ပါတယ်။ PS2SMB လို့ ရေးလိုက်ပါ။
2. ကတော့ ယူသုံးမယ့် စက်အရေအတွက်ကို ပြောတာပါ။ မိမိဆိုင်မှာ ရှိတဲ့ PS II စက် အရေအတွက်ထက် 5 လုံးလောက်
တော့ပိုထည့်ပေးပါ။
3. ကတော့ ယူသုံးခွင့်ပြုမယ့် ဖိုင်တွေအတွက် ခွင့်ပြုမှု ကန့်သက်ချက် ဖြစ်ပါတယ်။ Permissions ဆိုတဲ့ button ကို နှိပ်ပါ။
အောက်ကပုံမှာ ပြထားတဲ့အတိုင်းပဲ Allow အောက်က check box အားလုံးကို check ပေးလိုက်ပါ။
ခွင့်ပြုမှု အပြည့်ပေးတာဖြစ်ပါတယ်။ (full share ပေးတယ်လို့ အလွယ်ခေါ်ပါတယ်) ပြီးရင်တော့ OK သုံးခါနှိပ်လိုက်ပါ။ share ပေးပြီး ဖြစ်ပါလိမ့်မယ်။
Windows XP တွင် – My Computer ကို ဖွင့်ပြီး game cd တွေထည့်ထားတဲ့ partition ကို Right-Click ထောက်ပါ။ Sharing and Security ကိုနှိပ်ပါ။
တစ်ခါမှ share မပေးဘူးသေးတဲ့ windows မှာဆိုရင်တော့ အောက်ကပုံအတိုင်း ပေါ်လိမ့်မယ်။ အဲဒီစာတန်းနေရာကိုပဲ click နှိပ်ပေးလိုက်ပါ။
အောက်မှာကျနော်ပြထားတဲ့ ပုံအတိုင်းပေါ်လာလိမ့်မယ်။ ၁.၂.၃ တပ်ထားတဲ့အစဉ်အတိုင်းသာ လုပ်ပေးပါ။ ၁ – share လုပ်ရန်၊ ၂ – share folder ၏ အမည်၊ ၃ – share ပေးထားသော ဖိုင်များကို ပြင်ဆင်ခွင့် ပေးခြင်း တို့ဖြစ်ပါတယ်။
အထက်ကပုံအတိုင်း ဖြည့်ပြီးရင်တော့ Apply – OK ပေါ့။ sharing ပြီးပြီ ဖြစ်လို့ PC မှာ ပြင်ဆင်ရမယ့် လုပ်ငန်းစဉ် ကုန်ပါပြီ။
** PC sharing အပိုင်းမှာ windows အားလုံးအတွက် ပြောပြခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လို့ PS II နဲ့ ချိတ်ဆက်ရာမှာ networking အတွေ့အကြုံမရှိတဲ့သူများအဖို့ Windows XP သုံးတာပိုကောင်းပါတယ်။ Windows 7 နဲ့ Vista မှာ sharing security တွေက ပိုရှုပ်ထွေးလို့ပါ။ **
Network set up (PS II စက်တွင်)
Step (1) Loader – PS II စက်ကို network ထဲ ၀င်နိုင်ဖို့ပဲဖြစ်ဖြစ်၊ USB stick ကနေ ခွေယူဖတ်ဖို့ပဲဖြစ်ဖြစ် loader လိုပါတယ်။ နောက်ပိုင်း model ဖြစ်တဲ့ PS II slim တွေ အတွက် USB loader 0.7 ဆိုတဲ့ CD Version ခွေကို အသုံးပြုနိုင်ပြီး အဲဒီထက်ရှေးကျတဲ့ model တွေအတွက် PS II memory card ကို အသုံးပြုနိုင်ပါတယ်။ (လက်ရှိ ကျနော့်အနေအထားက ပို့စ်တင်ဖို့တောင် အနိုင်နိုင်ကြိုးစား နေရတာဆိုတော့ ဒီ software တွေကို upload တင်ပေးဖို့အတွက် အဆင်မပြေသေးပါဘူး။ အဲဒီတော့ အခုလောလောဆယ် အဆင်ပြေဆုံးနည်းက ရှေ့မှာပြောခဲ့တဲ့အတိုင်း ဆိုင်ကြီးတွေမှာ USB နဲ့ ဂိမ်းဖွင့်လို့ရတဲ့ software လို့ပြောပြီး ၀ယ်လိုက်တာက အဆင်ပြေမှာပါ။ Online က Download လုပ်ချင်သူတွေအတွက် https://bitbucket.org/ifcaro/open-ps2-loader/downloads/ မှာ version ၆ မျိုး တင်ထားပေးပါတယ်။ ကျနော်မသုံးဘူးတာ 0.8 ပဲ။ 0.7 ကတော့ တော်တော်အဆင်ပြေပါတယ်။
Model နှစ်မျိုးလုံးမှာ သူ့အားသာချက်နဲ့ သူပေါ့ဗျာ။ cd လုံးဝ မသုံးချင်တဲ့လူတွေအတွက်တော့ slim ကို IC လဲပေးလိုက်လို့ရပါတယ်။ အဲဒါဆိုရင် memory card သုံးလို့ရပါပြီ။ (မန္တလေးက ဆိုင်တွေမှာတော့ ic လဲရင် စက်တစ်လုံး 8000/- ဆိုလားပဲ)။ Loader တွေ ရလာပြီဆိုပါစို့။
CD version ဆိုရင်တော့ ခွေထည့်ပြီး စက်ဖွင့်လိုက်တာနဲ့ Loading လုပ်ပြီး သုံးစက္ကန့် လောက် အတွင်းမှာ USB Disk မှာ ရှိတာတွေ ပြလာလိမ့်မယ်။ (PS II memory card နဲ့ဆိုရင်တော့ တိုက်ရိုက် loading မလုပ်ပါဘူး။ အဆင့်ဆင့်သွားရတာပါ။ Online က download လုပ်မယ်ဆိုလည်း memory card ထဲကို ကိုယ့်ဘာသာထည့်တတ်မှာမဟုတ်ပါဘူး။ ဒီတော့ ဆိုင်မှာပဲ USB နဲ့ဖွင့်ဖို့အတွက်ဆိုပြီး ၀ယ်လိုက်ပါ။ သူပေးတဲ့ loader version အလိုက် ဘယ်လိုဝင်ရမယ်ဆိုတာပါ မေးခဲ့လိုက်ပါ။ Loader အသုံးပြုနည်း Online မှ လေ့လာချင်သူတွေများအတွက် http://openps2loader.info/7/ မှာ လေ့လာနိုင်ပါတယ်)
USB stick ကနေ ဂိမ်းဖွင့်ချင်တာဆိုရင်တော့ ဒီအဆင့်မှာတင် ခွေတွေပေါ်နေပြီ လိုချင်တဲ့ခွေဖွင့်ရုံပဲ။
USB stick တပ်မထားဘူးဆိုရင်တော့ အဲဒီအောက်မှာ no item ဆိုပြီး ဖြစ်နေလိမ့်မယ်။ network ထဲ ဝင်မှာဆိုရင်တော့ နောက်တစ်ဆင့် ထပ်သွားရအောင်။
Step (2) network config – ဒီအပိုင်းက PS II ကို network ထဲ ဝင်ရောက်ဖို့ IP ထည့်ပေးရမယ့် အပိုင်းဖြစ်ပါတယ်။ ဒါမပြောခင် ကြိုတင်ရှင်းပြဖို့ လိုတာတွေရှိပါသေးတယ်။
PS II စက်ဆိုတော့ ကီးဘုတ်မပါဘူး။ ဂိမ်းခလုပ် (joy stick) ကို သုံးပြီး IP address ထည့်တာတွေ၊ အခြား setting ပြောင်းချင်တာတွေကို လုပ်ရမှာဖြစ်ပါတယ်။ joy stick မှာ ပါတဲ့ ခလုပ်တွေထဲက သုံးရမယ့် ခလုပ်တွေကို ညွှန်းပေးပါ့မယ်။
မျှားလေးခုကတော့ မျှားပြထားတဲ့ အရပ်မျက်နှာအတိုင်း ရွေးချယ်ထားတဲ့နေရာ ရွှေ့ဖို့ သုံးပါတယ်။ (ကွန်ပျူတာမှာဆို cursor ရွှေ့တာပေါ့) အဲဒါအပြင် အခြားအနေနဲ့ သုံးဖို့လိုတဲ့ ခလုပ်လေးခုကို သိဖို့လိုပါတယ်။
(1) ခလုပ်ဖြစ်တဲ့ ကို နောက်ပြန်ဆုတ်ဖို့ back (or) Esc အဖြစ် သုံးပါတယ်။
(2) ခလုပ်ဖြစ်တဲ့ x ကို ဝင်ရောက်ဖို့နဲ့ ပြင်ဆင်ဖို့ Enter အဖြစ် သုံးပါတယ်။
(3) ဖြစ်တဲ့ up arrow ကိုတော့ ဂဏန်းတန်ဖိုး တင်ဖို့နဲ့ အခြားတန်ဖိုးပြင်ဖို့ သုံးပါတယ်။ ဥပမာ – IP address နောက်ဆုံးအလုံးက 10 ဆိုတာကိုပြင်ဖို့ ကိုနှိပ်ပြီး အပေါ်မျှားကို နှိပ်လိုက်ရင် 11 – 12 – …… စသဖြင့် ဂဏန်းကြီးလာလိမ့်မယ်။ အခြားတန်ဖိုး ဆိုတာတော့ yes ပေးထားတဲ့ နေရာကို နှိပ်ပြီး အပေါ်မျှားနှိပ်ရင် no ဖြစ်သွားမယ်လို့ ဆိုလိုတာပါ။
(4) ဖြစ်တဲ့ down arrow ကတော့ up နဲ့ ပြောင်းပြန်ပေါ့။ ဂဏန်းတန်ဖိုး လျှော့ဖို့နဲ့ အခြားတန်ဖိုးပြင်ဖို့ သုံးပါတယ်။
USB Loader 0.7 ရဲ့ loading ပြီးရင် USB stick မှာ ရှိတဲ့ game cd တွေကို တန်းပြီးပြပါတယ်။ stick မထိုးထားရင် no item ပေါ့။
Left arrow ကို နှိပ်ပြီး network config ဆီ ဆက်သွားပါတယ်။
x ကိုနှိပ်ပြီး network config ထဲ ဝင်ပါတယ်။ network ဆိုင်ရာ data တွေ တွေ့ပါလိမ့်မယ်။ PC နဲ့ တူအောင် ညှိရမှာဖြစ်ပေမယ့် အစထဲက PC ကို ဒီကောင်တွေနဲ့ တူအောင် ညှိပြီးသားဖြစ်လို့ အခြားဟာတွေ ဘာမှ ပြင်စရာ မလိုတော့ပါဘူး။ ဒီစက်အတွက် IP တစ်ခု သက်မှတ်ပေးရုံပဲ ဖြစ်ပါတယ်။ Network Class C ဖြစ်လို့ နောက်ဆုံး Octet ကိုပဲ ပြင်ရမှာပါ။ PC ကို 192.168.0.2 လို့ ပေးပြီး default gateway ကို 192.168.0.1 လို့ ပေးထားတဲ့အတွက် PS II စက်တွေအတွက် IP address က 3 မှ 254 ကြား တစ်ခုခု ဖြစ်ရပါမယ်။ စက်တစ်လုံးနဲ့တစ်လုံး IP တူလို့ မရပါဘူး။ (ဥပမာ – network ဆိုတာ လမ်းတစ်ခုဆိုပါစို့။ အဲဒီလမ်းထဲက IP ဆိုတဲ့ အိမ်နံပါတ်တွေ တူလို့မရပါဘူး။ တူနေရာ data တွေ ဘယ်ပို့ရမှန်းမသိဖြစ်ပြီး စက်ဟန်းပြီပေါ့)
* ကျနော့်ရဲ့ networking အပိုင်း (၂) မှာ network ဆိုင်ရာ အချက်အလက်တွေအကြောင်း နဲ့ IP တွေအကြောင်း ရေးခဲ့ပြီးပါပြီ။ မဖတ်ရသေးရင် ပြန်ဖတ်ပေးပါဦး။ နားလည်ပြီး လုပ်တာက ပိုကောင်းပါတယ်။ *
** စာဖတ်သူရဲ့ ဆိုင်မှာ စက် ၁၀ လုံး ရှိမယ်ဆိုရင် IP တွေကို ဘယ်လို သက်မှတ်ပေးမလဲ ?
အခက်အခဲရှိတာက ကီးဘုတ်မဟုတ်ပဲ ဂိမ်းခလုပ်က မျှားနဲ့ IP ထည့်ရတာ ဖြစ်ပါတယ်။ တစ်လုံးချင်း နှိပ်လို့မရပါဘူး။ နံပါတ်တွေ ပြောင်းတာ အရမ်းမြန်ပါတယ်။ မိမိက 11 လိုချင်လို့ အပေါ်မျှား တစ်ချက်နှိပ်တဲ့အချိန်မှာ သူက 19 လောက် ဖြစ်နေပြီ။ များလို့ ပြန်လျှော့ဖို့ အောက်မျှားတစ်ချက်နှိပ်ရင် 9 လောက်ဖြစ်သွားပြန်ရော။ အဲဒါကြောင့် ကောင်းမယ်ထင်တဲ့ နည်းလေးတစ်ခုလောက် အကြံပေးပါ့မယ်။ စက်ဖွင့်တာနဲ့ အလိုလျောက် ပေါ်နေမယ့် default IP က 192.168.0.10 ဖြစ်ပါတယ်။ စက် ၁၀ လုံးမို့ စက်နံပါတ် (1) ကို 10 မှ 19 ထိ၊ နံပါတ် (2) ကို 2 မှ 29 ထိ စသဖြင့် ရှေ့ဂဏန်းကို စက်နံပါတ်နဲ့ တူအောင် သုံးလိုက်။ ဒါဆိုရင် မမှားတော့ဘူးပေါ့။ **
*** စက်ဖွင့်တိုင်း (သို့) ခွေလဲချင်တိုင်း စက်ကို ပိတ်ပြီး ပြန်ဖွင့်ပေးရမှာဖြစ်ပါတယ်။ ဖွင့်ပြီးတိုင်းလည်း network config ထဲ ဝင်ပြီး IP သက်မှတ်ပေးရပါမယ်။ ဖွင့်ဖွင့်ချင်းတွေ့ရမယ့် address ကလည်း 192.168.0.10 ပဲ ဖြစ်ပါတယ်။ စက်နံပါတ် (1) ကို 10 မှ 19 ကြား ထားလို့ ပြောထားပေမယ့် 10 ကို မသုံးပါနဲ့။ တစ်လုံးကို 10 နဲ့ သုံးနေစဉ် အခြားစက်တစ်လုံးကို ယောင်ပြီးတော့ပဲဖြစ်ဖြစ် IP မပြင်ပဲ network ထဲ ဝင်မိရင် 10 နှစ်ကောင် သွားတွေ့ပြီ။ ဟန်းပြီပဲ ***
ကဲ … စက်နံပါတ် (1) အတွက် IP ထည့်ပြီး ဆက်သွားကြည့်ရအောင်။ cursor က IP ရဲ့ 1st Octet ဆီကို ရောက်နေပါလိမ့်မယ်။ right arrow ကိုနှိပ်ပြီး 4th Octet ဖြစ်တဲ့ 10 ဆီကို ရွှေ့ပါ။
10 ဆီရောက်ရင် x နှိပ်ပါ။ စာလုံးအရောင် ပြောင်းသွားပါလိမ့်မယ်။ အပေါ်မျှားနှိပ်ပြီး IP ပြင်ပါ။ နံပါတ် (1) စက်ဖြစ်လို့ 11 နဲ့ 19 ကြား တစ်ခုခုမှာ ရပ်လိုက်ပါတယ်။ x ကို ပြန်နှိပ်လိုက်ပါ။ စာလုံးအရောင် အရင်တိုင်း ပြန်ဖြစ်သွားပါလိမ့်မယ်။
Up arrow ကို နှိပ်လိုက်ရင် အောက်ဆုံးက OK ဆီကို cursor ရောက်သွားပါပြီ။ (အပေါ်ဆုံးကနေ အောက်ဆုံးသွားမှာဖြစ်လို့ down arrow နဲ့ တစ်ဆင့်ချင်း မသွားပဲ up နှိပ်ပြီး တိုက်ရိုက်သွားလိုက်တာပါ) x နှိပ်လိုက်ပါ။ network config အပြင်ကို ပြန်ရောက်ပါလိမ့်မယ်။
Right arrow နဲ့ အစွန်ဆုံးက start network ဆီ သွားပါမယ်။
x နှိပ်လိုက်ရင် network start ဆိုပြီး ၅ စက္ကန့် ကို count down ပြပါလိမ့်မယ်။
၅ စက္ကန့် Loading ပြီးသွားရင် ခုနက အတိုင်း network ပြန်ပေါ်လာပြီး သုံးစက္ကန့်အတွင်းမှာ HDD ထဲက game ခွေတွေ ပေါ်လာပါလိမ့်မယ်။
(အဲဒီလို ပေါ်မလာခဲ့ဘူးဆိုရင် တစ်ခုခု လွဲနေခဲ့တာတော့ သေချာပြီပေါ့။ ကျနော်ပြောခဲ့တဲ့ အဆင့်တွေအတိုင်း တစ်ခေါက်ပြန် ကြည့်လိုက်ပါ)
Game ခွေတွေ ပေါ်လာပြီဆိုရင်တော့ မိမိလိုချင်တာကို arrow နဲ့ ရွေးပြီး x နှိပ်လိုက်ပါ။ ၎င်းဂိမ်းခွေ ပွင့်လာပါလိမ့်မယ်။
PS II ဂိမ်းစက်များကို PC ဖြင့် network ချိတ်ခြင်း ဒီမှာတင်ပြီးပါတယ်။
Networking ကို အဆင့်လိုက် ရေးရင်းနဲ့ PS II game စက်ကို ကွန်ပြူတာနဲ့ ချိတ်ဆက်အသုံးပြုနိုင်မယ့် နည်းလမ်းကိုရေးခဲ့ပြီးပါပြီ။ အဲဒီအတွက် လိုအပ်တဲ့ software နှစ်မျိုးရှိပါတယ်။ USB loader နဲ့ PSII Converter ပါ။ Loader က ညွှန်းပြီးပြီ၊ Converter ပါ ပေးဖို့ တာဝန်ရှိလာပြီပေါ့။ အဲဒါလေး တင်ပေးရင်း သုံးနည်းပါ အကြမ်းဖျဉ်းရေးလိုက်ပါတယ်။
Download “USB Extreme”
USB Extreme လို့ ခေါ်ပါတယ်။ ကျနော် zip နဲ့ ချုံ့ထားပါတယ်။ ဖြည်ပြီး run လိုက် portable ပါပဲ။
၁။ Disk Format ဆိုတဲ့ ဒုတိယ tab ကိုနှိပ်ပြီး format ကိုနှိပ်၊ format လုပ်မယ့် drive ကို ရွေပေးပါ။ hard disk သီးသန့်ထားပြီး game cd တွေ နေရာပေးဖို့ အရင်ပို့စ်မှာထဲက ကျနော်ပြောခဲ့ပါတယ်။ အဲဒီ drive ကိုရွေးပေးပါ။
၂။ Game Installer ဆိုတဲ့ tab ကိုနှိပ်ပါ။ လုပ်ရမှာ လေးခုရှိပါတယ်။ Game ခွေကို DVD dirve ထဲထည့်ပြီး အဲဒီ drive ကို ရွေးပေးပါ။ DVD လား၊ CD လား ရွေးပေးပါ။ အခုနက format ချလိုက်တဲ့ hard drive ကို ရွေးပေးပါ။ Game ခွေရဲ့ နာမည်ကို ရေးပေးပါ။ ပြီးရင် Start
၃။ Start install? ဆိုပြီး Confirm လုပ်ပါတယ်။ Yes
3
၎။ loading time စောင့်ပေးပါ။
4
၅။ ပြီးသွားရင် အောက်ကပုံအတိုင်း game list ထဲမှာ ပြနေပါမယ်။
5
၆။ နောက်တစ်ခွေ ထပ်ထည့် ခုနကအတိုင်း ထပ်လုပ်ပေါ့။
6
Tuesday, February 14, 2012
Gmail Password ပြောင်းလိုသူများ
Gmail password ကို အမြန် ပြောင်းလိုသူများ အတွက်အကျိုးရှိမည်လို. မျှော်လင့်ပါတယ် အောက်က Link လေးကိုနှိပ် ပြီး Gmail password နှင့် Username ကိုရိုက်ထည့်ပါ
Gmail Password ပြောင်းရန်
မရှင်းတာရှိရင် Comments ရေးထားခဲ့ပါ
Monday, February 13, 2012
Gmail မှာ ပုံများထည့်ပြီး Mail ဖို.ခြင်း
Gmail Lab ထဲမှ Function တစ်ခုပါ၊ Lab ထဲကဟာ တွေကတော်တော် အသုံးဝင်တယ်။ ဒီတစ်ခုကတော့
Mail ပို. တဲ့ အခါ ပုံတွေ ထည့်ပြီး Mail ပို့ ချင်တဲ့ သူတွေ အတွက် Attach File မဟုတ်ဘူး စာနှင့်ပုံနှင့်ပေါင်းပြီးတော့ပို့ ချင်းသူတွေ အတွက်
1. Gmail ကို မိမိ အကောက့်နှင့် ဖွင့်လိုက်ပါ။
2. ပြီးတော့ Options ထဲက Lab ကိုနှိပ်ပါ အောက်မှာ ပုံလည်းပြထားပါတယ်
<-----------
3.Labs ထဲမှာ Inserting Images ကို Enable လုပ်လိုက်ပါ
4.Labs အောက်ဆုံးမှာရှိ တယ့် Save Changes ကိုနှိပ်ပါ
Mail ပို့ ရန် အတွက် Compose Mail ကိုဝင်လိုက်ပါ Compose Mail ထဲမှာ Insert Image ဆိုပြီး Button လေးတစ်ခု ပေါ်လာပါလိမ့်မည်
ဒါလေးကို နှိပ်ပြီး ပုံထည့်လို့ ရပါပြီး
-My Computer က မိမိ စက်ထဲမှပုံကိုထည့်ရန်
-Web Address URL ကို တခြား WebSite မှပုံ Link ကိုယူပြီးထည့်နိုင်ပါသည်
 ကျေးဇူးတင်ပါသည်
Chrome မှာ Zawgyi Font ပေါ်အောင်လုပ်နည်း
မသိသေးသူများအတွက်ပါ
ပထမဦးစွာ Chrome ကိုဖွင့်လိုက်ပါ၊
Chrome ထဲမှ မျှားနီလေးပြထားတာကို နှိပ်ပါ
Options ကိုနှိပ်ပါ၊ ပြီးတော့ Minor Tweaks ထဲမှ Change Font and Language Settings
Fonts And Languages Box ထဲမှ Fonts and Encoding Tab ထဲမှ
Serif Font ကို Zawgyi-One သို.ပြောင်းလိုက်ပါ
San-Serif Font ကို Zawgyi-One သို.ပြောင်းလိုက်ပါ
Fixed-Width Font ကို Zawgyi-One သို.ပြောင်းလိုက်ပါ
Ok ကိုနှိပ်ပါ
Close ကိုနှိပ်ပါ
အခုဘယ်လိုလဲ Site တစ်ခုကိုဝင်ကြည့်လိုက်ပါ။ :-)
*******အဆင်မပြေရင် Comment ရေးခဲပါ
Gtalk မှာ Zaw Gyi Font မပေါ်ခြင်းပြသနာ
အဖြစ်များတာကတော့ Internet Explorer Setting ကြောင်းလို.ပြောရမယ် Mozilla Firefox ကို IE ကနေ Default Setting တင်လိုက်လို.
၁။ Internet Explorer ကိုဖွင့်ပါ
I.                   Tools>Internet Options ကိုနိုပ်ပါ
II.                Appearance အောက်က Colors/Languages/Fonts… ထဲမှ Font ကိုရွေးပါ။
III.             OK ကိုနှိပ်ပါ။
၂။ Mozilla Firefox မှာတော့
I.                   Tools >Options ကိုနိုပ်ပါ။
II.                Options box ထဲက Content > Fonts&color>Default Font မှာ Zawgyi-One ကိုရွေးပါ။
III.             OK ကိုနှိပ်ပါ
၃။Gtalk မှာတော့အားလုံးသိကြတယ်အတိုင်း
I.                   Settings > General > Change Font.. ကိုနိုပ် Zawgyi-One ပြောင်းလိုက်ပါ
II.                OK ကိုနှိပ်
*** ဒါနှင့် အဆင် မပြေဘူးဆိုရင် Comments ရေးထားခဲ့ပါ*****
Sunday, February 12, 2012